Thursday, August 29, 2013

new bagan keyboard pro AVAILABLE to download @ SHWE MOBILE

New Bagan keyboard pro AVAILABLE to download

Frozen keyboard pro version 6.0 သည် ဒီလကုန်သည့်နေ့မှ စပြီး expired ဖြစ်သွား မှာ ဖြစ်သည့် အတွက် ကြောင့် ရွှေ mobile customer များ အတွက် မြန်မာ keyboard အဆင်မပြေမှု များ မဖြစ်ရလေအောင် / ဆိုင်အထိ ပြန်လာပြီး သွင်း စရာမလိုအောင် bagan keyboard pro version 1.6.8 ကို customer များ အတွက် အလွယ်တကူ download ပြုလုပ်နိုင်ရန် shwe mobile application မှ တင်ပေးလိုက်ပါတယ်။ keyboard change နည်းများကို လည်း တခါတည်း ထည့်သွင်းရေးသားပေးထားပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Bagan Innovation Technology မှ Android Phone နှင့် Tablet များအတွက် မြန်မာလက်ကွက်စနစ်( Zawgyi Font )နှင့် English လက်ကွက်စနစ်ပူးတွဲပါရှိသော Bagan Keyboard (PRO) version ကို စတင်ထုတ်ဝေလိုက်ပါသည်။ Bagan Keyboard အားအောက်ပါ link တွင်ရယူနိုင်ပါသည်။
MEDIAFIRE LINK 
Bagan Keyboard pro version 1.6.8
Google play store မှာ တိုက်ရိုက် ရယူနိုင်ရန်
play store Bagan keyboard pro version 1.6.8

Bagan Keyboard ၏ ထူးခြားချက်များမှာ-
၁။ Jelly Bean OS သုံး ဖုန်းများတွင် ရှိသော စာလုံးမမှန်သည့် ပြဿနာများကို ဖြေရှင်းထားပါသည်။

၂။ Unicode ဖြင့်ရေးလိုသူများအတွက် Unicode ပါဝင်ပါသည်။

၃။ Keyboard ၏ စာလုံးများကို မူလထက် အနည်းငယ် ထပ်မံကြီးထားပါသည်။

၎။ Keypad ကြီးကြီး ရိုက်လိုသူများအတွက် Keyboard Size ကို စိတ်ကြိုက်ချိန်နိုင်အောင် Setting ထဲတွင် ထည့်သွင်းထားပြီးဖြစ်ပါသည်။

၅။ စာလုံးဖျက်ရန် အတွက် Cursor ကို အဆင်ပြေအောင် ပြုလုပ်ပေးထားပါသည်။ (Space Bar ကို နှစ်စက္ကန့်ခန့်နှိပ်ပါ။)

ယခင် Feature များအဖြစ်

၆။ မြန်မာစာလုံး အားလုံးကို ထည့်သွင်းပြီးဖြစ်ပါသည်။ (စာလုံးဆင့်များအတွက် ကီးဘုတ် အလည်တွင်ရှိသော ~ ကီးကိုသုံးပါ)

၇။ အသံဖြင့် အင်္ဂလိပ်စာ ရေးသားခြင်း ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

၈။ မြန်မာစာလုံးများအတွက် Auto Complete Features ပါဝင်ပါသည်။

၉။ မိမိ မကြာခဏ ရိုက်လိုက်သော စာလုံးများကို Auto Learn လုပ်ပေးသော စနစ်ပါဝင်သောကြောင့် စာရေးသားရာတွင်လွယ်ကူပါသည်။

၁၀။ မိမိမှတ်သားလိုသော စာလုံးများကိုလဲ မှတ်သားထားပြီး Auto Complete List ထဲတွင် ထည့်သွင်းထားခြင်းဖြင့် စာရိုက်ရာတွင် မှန်ကန် မြန်ဆန် လွယ်ကူစေပါသည်။

၁၁။ –ါ ရေးရန်မလိုပဲ -ာ ကိုရေးရုံဖြင့် Auto ပြောင်းပေးသော Smart Zawgyi Feature ပါဝင်ပါသည်။ ( “ပါ” ကို ရေးလိုပါက “ပ + –ာ” ဟုရေးပါ Auto “ပါ” ဟု ပြောင်းသွားပါမည်။)

၁၂။ Double Tap Feature ပါဝင်သောကြောင့် စာလုံးအပေါ်တွင် အပြာရောင် စာလုံးရှိသော ခလုပ်များကို နှစ်ချက် ဆင့်နှိပ်ပါက Shift နှိပ်စရာမလိုပဲ ရိုက်နိုင်ပါသည်။(ဥပမာ- “ရ” ကို ရိုက်လိုလျှင် “၇” ကို နှစ်ချက်နှိပ်ပါ။)

၁၃။ မြန်မာလက်ကွက်နှင့် English လက်ကွက် ကိုကြိုက်နှစ်သက်ရာ တစ်မျိုးစီဖြစ်စေ ၊ နှစ်မျိုးစလုံးဖြစ်စေ ရွေးချယ်အသုံးပြုနိုင်ပါသည်။

၁၄။ အသုံးများသည့်စကားလုံးတွဲများကို Suggestion System မှပေးထားသော အကြံပေးချက်များ မလုံလောက်သေးပါက မိမိစိတ်ကြိုက် ပေါင်းထည့်အသုံးပြုနိုင်သော User Dictionary စနစ်ပါရှိပါသည်။

၁၅။ Symbol , Smiles များ စုံလင်ခြင်း၊ တယ်လီဖုန်းလက်ကွက်ပါဝင်ခြင်း၊ Voice Input (English)ပါဝင်ပါသည်။

၁၆။ Bagan Keyboard ကို Android OS Version 1.5 (Cupcake) မှ 4.2 (Jelly Bean) အထိ အသုံးပြုနိုင်ပါသည်။

ထို့အပြင် -

၁၇။ အဆင်မပြေမှုများအတွက် Email ပို့၍သော်လည်းကောင်း၊  Google Play Store တွင် Comment ပေး၍ သော်လည်းကောင်း ပြောကြားနိုင်ပါသည်။

၁၈။ ပိုမိုကောင်းမွန်အောင် Version အသစ်များတွင် ထည့်သွင်းလိုသည်များကို အကြံပြု တောင်းဆိုနိုင်ပါသည်။

၁၉။ အခမဲ့ Share/Download ပြုလုပ်နိုင်ပါသည်။

ဒါကတော့ bagan keyboard pro အကြောင်းလေးပါ။ credit to myanmarmobileapp

 

 

ဆက်လက်ပြီးတော့ keyboard change ရမည့် နည်းကို ပြောပြပေးသွားပါ့မယ်။

ပထမဆုံးအနေဖြင့်  

၁.bagan keyboard pro ကို သင့် ဖုန်းတွင် download ပြုလုပ်ပြီး install သွင်းလိုက်ပါ။

၂. install သွင်းပြီး လျှင် သင့်ဖုန်း ၏ setting သို့ menu ကို နိုပ်ပြီး setting သို့ သွားပါ။ ပုံတွင် ကြည့်နိုင်ပါသည်။

၃. setting သို့ ရောက်လျှင် A စာလုံး logo ဖြင့် language and keyboard ကို ရှာပြီး နိုပ်ပါ။

၎.language and keyboard ထဲ သို့ ရောက်လျှင် အမှန်မခြစ်ရသေးသော bagan keyboard pro ကို တွေ့ရမှာ ဖြစ်ပါတယ်။

၅. language and keyboard ထဲ မှ Bagan keyboard pro ကို အမှန်ခြစ်လိုက်ပါ။ Attention pop-up တခု ပေါ်လာပါလိမ့်မယ်။

၆. ထိုသို့ ပေါ်လာလျှင် OK ကို နိုပ်ပါ။ နိုပ်ပြီးလျှင် အပေါ်နားတွင် select input method ကို နိုပ်ပါ။


၇. select input method ထဲမှ Bagan keyboard pro ကို ရွေးပါ။ 

ဒါဆိုလျှင် Bagan keyboard pro ကို  အသုံးပြုနိုင်ပါပြီ။

၈. language and keyboard ထဲမှာ select input method မပါခဲ့ပါက Bagan keyboard pro ကို အမှန်ခြစ်ပြီးလျှင် သင့်ဖုန်း၏ message ထဲ သို့သွားလိုက်ပါ။ message ထဲသို့ ရောက်လျှင် ဖုန်နံပတ် ရိုက်သည့် နေရာကို ၃ စက္ကန့် ခန့် နိုပ်ထားလိုက်ပါ။ in put method ပေါ်လာပါလိမ့်မည်။

၉. input method ကို နိုပ်ပါ။ ပြီးလျှင် Bagan keyboard pro ကို ရွေးလိုက်ပါ။

ဒါဆိုလျှင်တော့ Bagan keyboard pro ကို အသုံးပြုနိုင်ပါပြီ ခင်ဗျာ။ အဆင်မပြေမှုများရှိခဲ့ လျှင် ဖုန်းဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

 

 

SHWE MOBILE & ACCESSORIES
NO 47, YAE KYAW ST, PAZUNTAUNG TOWNSHIP
PH 01- 293 167 / 09- 49 303550

No comments:

Post a Comment